Main menu

ဟားခါးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

       တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဟားခါးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ရခြင်း၏ အဓိက ရည်ရွယ်ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်မှ ဆရာ/မများနှင့် ကျောင်းသား/သူများက စားသုံးသူကာကွယ်ပေးရေးဆိုင်ရာနှင့်စပ်လျဉ်း၍  သိရှိလိုသည်များကို မေးမြန်းခြင်းပြုလုပ်ခဲ့ရာ ပြည်နယ် ဦးစီးမှူးက ပြန်လည်ရှင်းလင်းနွေးဆွေးခဲ့ပါသည်။  

        အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ တက္ကသိုလ်မှ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ချင်း)