Main menu

ဆန်စက်စာရင်းကောက်ယူမှုနှင့် အသင်းဝင်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၁.၁၀.၂၀၂၃ ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ NEI (Netional Enlightenment Institute) တို့နှင့်ပူးပေါင်း၍ ဆန်စက်စာရင်းကောက်ယူမှုနှင့် အသင်းဝင်မှုအခြေအနေအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ပေါင်မြို့နယ်အတွင်းရှိ ဆန်စက်အချက်အလက်များကောက်ယူခြင်း၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်အချက်အလက်များကောက်ယူခြင်း၊ လုပ်ငန်းရှင် အချင်းချင်းချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ခြင်း၊ လုပ်ငန်းရှင်များမှ သိလိုသည်များကိုမေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ ပါသည်။

DOCA(မွန်)