Main menu

မုဒုံမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

Powered by Drupal

          မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကို ၁၂.၁၀.၂၀၂၃ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ပြည်သူများစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာတိုးပွားစေရန် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူကာကွယ်ရေးဥပဒေကို ရည်ရွယ်ချက် (၈)ခုဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြဌာန်းထားကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် စားသုံးသူပြည်သူများ အခွင့်အရေးအပြည့်အဝရရှိစေရန် ဖော်ပြထားရှိကြောင်း၊ ယင်းအခွင့်အရေးများချိုးဖောက်ခံရလျှင် စားသုံးသူပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း၊ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)