Main menu

မြိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေနှင့် သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော တန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၃/၂၀၂၃)၌ စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင် ဦးစီးမှူးက ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့၊ မွန်းလွှဲ(၁း၃၀)အချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံးသူအခွင့်အရေး (၈)ချက်ရှိသည့်အပြင် စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်တာဝန်များရှိကြောင်း၊  စားသုံးသူကာကွယ် ရေး ဥပဒေအရကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည်ဖြစ် ကြောင်း၊ စားသုံးသူ နစ်နာမှုဖြစ်ပါက တိုင်ကြားလာနိုင်ကြောင်း၊ အစားအသောက်ထုတ်လုပ်/ဝယ် ယူရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် အာမခံချက်ရှိစေရေး အလေးထားဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

            အဆိုပါဟောပြောပွဲသို့ သင်တန်းသူ/သား စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)