Main menu

ဗန်းမော်ခရိုင်၊ ညောင်ပင်ရပ် ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

Powered by Drupal

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း ဒု-ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၁၇.၁၀.၂၀၂၃ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်ပင်ရပ် ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊အစားအသောက်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်သော အစားအသောက်များကိုသာဝယ်ယူသင့်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို သေချာစွာဖတ်ရှု့သင့်ကြောင်း၊ FDA မှစားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များကို ရှင်းလင်းခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)