ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၃)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
၎င်းဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှု ဆောင်ရွက်ရာတွင် website ၊ Mobile Application တို့မှတစ်ဆင့် ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ မအူပင်ခရိုင်တွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)