Main menu

သီပေါမြို့နယ်အတွင်း ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ လက်လီ/လက်ကား ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား (၁၇.၁၀.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ သီပေါမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများ၊ တရားမဝင် ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ FDA ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြခြင်းတို့ကိုစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက် စေရန်အတွက် လုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)