Main menu

ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ

Powered by Drupal

    ၁၇.၁၀.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပသော “ဝဥသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲနှင့် မွန်ပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်း” အခမ်းအနားကို မော်လမြိုင်မြို့၊ ကုန်စည်ဒိုင်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်ဝဥစက်ရုံလုပ်ငန်းရှင်များ၊ဝဥစိုက်တောင်သူများ၊ MONCCI မှတာဝန်ရှိသူများ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မြန်မာနိုင်ငံဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးကျော်သူက ဝဥအသင်းဖွဲ့စည်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ အကြံပေးပုဂ္ဂိုလ် ဒေါ်စန္ဒာမျိုးက ဝဥ၏နိုင်ငံတကာဈေးကွက်အခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်ပြီး ရွှေဝါမြေဝဥစက်ရုံမှ ဦးကျော်ခိုင်မြင့်က ဝဥဈေးကွက်နှင့် အလားအလာများအား ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်းခဲ့ကြောင်းသိရှိရပြီး အဆိုပါ ဆွေးနွေးပွဲအား နံနက် (၁၁:၀၀) နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)