စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)နှင့် ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)တို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲအခမ်းအနားတွင် စာသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သူမြင့်က မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တက်ရောက်လာသော ဝန်ထမ်းများအနေဖြင့် စားသုံးသူအခွင့်အရေးများ သိရှိနားလည်စေရန်အတွက် စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံစွာ ဖော်ပြထားရှိခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးခြင်းမပြုရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားတွင် တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ စားသုံးသူအကာကွယ်ပေး ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒေါ်သူဇာမြင့်မှ စားသုံးသူအကာကွယ်ပေးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရန် သက်ဆိုင်ရာဌာနအသီးသီးနှင့် ပြည်သူတစ်ရပ်လုံးသည် မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းမှာကြားခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာအသီးသီးမှ (၄၀)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ချင်း)