Main menu

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၁၅/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ (၁၉.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့် မားစေရန် ရည်ရွယ်၍ (၁၅/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၁၁) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာ ပေးဟောပြောဆွေးနွေးပွဲတွင် အကြီးတန်းစာရေး ဒေါ်နီနီမြင့်က စားသုံးသူကာကွယ်ရေးနည်းဥပဒေ တွင် ကော်မတီပုံမှန်အစည်းအဝေးကို အနည်းဆုံး (၃)လလျှင် (၁)ကြိမ် ကျင်းပရမည်ဟု ပြဌာန်း ထားကြောင်း၊ ကော်မတီအစည်းအဝေးကျင်းပရာတွင် ဆွေးနွေးသည့်အကြောင်းအရာများကို ဗဟု သုတရရှိစေရန် ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတ်တမ်းအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)