Main menu

ကရင်ပြည်နယ်ဝဥသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

          ကရင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ကရင်ပြည်နယ်အတွင်း ဝဥသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၁၉-၁၀-၂၀၂၃ ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ Hotel Perfect ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြန်မာနိုင်ငံ ဝဥအသင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ဝဥလုပ်ငန်းရှင် အသင်းအဖွဲ့ချုပ် အကြံပေး ၊ ဝဥစက်ရုံလုပ်ငန်းရှင်များ ၊ ကရင်ပြည်နယ် ဝဥအသင်း ဥက္ကဋ္ဌ ၊ ဝဥ အသင်းအဖွဲ့ဝင်များ နှင့် ဝဥသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင်ပြည်နယ်သည် သဘာဝသယံဇာတတွေ ပေါများပြီး စိုက်ပျိုးရေးကိုအခြေခံသော ပြည်နယ်တစ်ခုဖြစ်တာနဲ့အညီ စိုက်ပျိုးရေးဒေသထွက်ကုန် များစွာထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ကရင်ပြည်နယ် ဒေသထွက်ကုန်တွေထဲမှ အစေ့ထုတ်ပြောင်း ၊ ကော်ဖီ၊ ချဉ်ပေါင်ဖာလာ၊ ရာဘာနှင့် ဝဉသီးနှံများသည် ကရင်ပြည်နယ်ရဲ့ ပြည်ပပို့ကုန်အဖြစ် အလားအလာရှိသော ဒေသထွက်ကုန်တွေလည်း ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်အလားအလာရှိသော ဝဥနှင့်ပတ်သက်၍ လေ့လာကြည့်သောအခါ ဝဥကို နည်းမျိုးစုံ စားသောက်နိုင်ပြီး ဝဥတွင် Glucoman nan အပါအဝင် အာဟာရတန်ဖိုးများစွာ ပါဝင်သဖြင့် နိုင်ငံတကာမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ရောင်းချလျက်ရှိကြောင်း၊ ကရင်ပြည်နယ် ဒေသထွက်ဝဥသည် Glucoman nan ပေါကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဝယ်လိုအား မြင့်မားလာသော ဒေသထွက်ကုန် တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့အရည်အသွေးကောင်းပြီး ပြည်ပဈေးကွက်ဝယ်လိုအားရှိသည့် ကရင်ပြည်နယ် ဒေသထွက်ကုန် ဝဥသီးနှံ ဈေးနှုန်းဈေးကွက်ရရှိရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းရောင်းဝယ် ဖောက်ကားမှုသာမက ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ၊ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်ကုန်ချောအဆင့်ထိ တိုးမြင့်ထုတ်လုပ်နိုင်ရေး၊ လိုအပ်တဲ့ စက်မှုလုပ်ငန်း ထူထောင်နိုင်ရေးနဲ့ နည်းပညာအထောက်အကူများပေးနိုင်ရေး၊ ဒေသထုတ်ကုန်များကို စီးပွားရေး လုပ်ငန်းများအဖြစ် ဖော်ဆောင်ရာတွင် သမရိုးကျ မိရိုးဖလာအတိုင်းမဟုတ်ဘဲ ခေတ်မီနည်းစနစ်များကို သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ကရင်ပြည်နယ် ဝဥကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအနေဖြင့် နည်းလမ်းကောင်းများရှာဖွေ ဖော်ထုတ်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

        ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြန်မာနိုင်ငံ ဝဥ အသင်းအဖွဲ့ချုပ်အသင်းဥက္ကဋ္ဌ ၊  မြန်မာနိုင်ငံ ဝဥလုပ်ငန်းရှင် အသင်းအဖွဲ့ချုပ်အကြံပေး ၊ ကရင်ပြည်နယ် ဝဥအသင်းဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး ၊ ဝဥစက်ရုံလုပ်ငန်းရှင် ၊ ဝဥသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် ဝါသနာရှင်များက မိမိတို့နှင့် ဆိုင်သည့် ကဏ္ဍများမှာ ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

     ထို့နောက် စားသုံးရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသန်းဦးက ကရင်ပြည်နယ်မှာ ဝဥစိုက် ဧက (၁၄၇၀) ဧက ရှိပြီးတော့ တစ်ဧကအတွက်အထွက်နှုန်း ၂၁၀၀ ပိဿာ ဖြစ်ကြောင်းနှင့် တစ်နှစ်ထွက်ရှိနိုင်မှု ပိဿာချိန် ၇ သန်းခန့် ရှိကြောင်း ဝဥစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး ၊ စံချိန်စံညွှန်းအရည်အသွေးပြည့်မီသည့် ဝဥ မျိုးကောင်းမျိုးသန့်ရရှိရေး ၊ နည်းပညာ များနှင့် အခက်အခဲများရှိပါက အချိန်မရွေး တင်ပြဆွေးနွေးစေလိုကြောင်း၊ ဌာနဆိုင်ရာဘက်မှလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       ကရင်ပြည်နယ်ဝဥသီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကုန်သည် လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ဖိတ်ကြားထားသောလုပ်ငန်းရှင်များ စုစုပေါင်း လူဦးရေ (၆၈) ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၃:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)