Main menu

ကျိုက်လတ်မြို့နယ်ရှိမုန့်မျိုးစုံဆိုင်အားဈေးကွက်စောင့်ကြည့်လေ့လာခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးတင်စိန်နှင့်ဝန်ထမ်းများသည်(၁၇-၁၀-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် (၂)ရပ်ကွက်ရှိ”သိမ့်”မုန့်မျိုးစုံအရောင်းဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

  ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ရာ”သိမ့်”မုန့်မျိုးစုံအရောင်းဆိုင်တွင် ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ဖော်ပြထားသော မုန့်များရောင်းချနေကြောင်းတွေ့ရှိရပြီး ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်အား ယခုကဲ့သို့မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပါရှိသည့် ကုန်စည်များကို ရောင်းချသွားရန်နှင့် စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးရာတွင် ရွေးချယ်ပိုင်ခွင့်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)