Main menu

ကျိုက်လတ်မြို့နယ် (၆)ရပ်ကွက်၊ အမှတ်(၁၀)မူလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအားစားသုံးသူအသိပညာပေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၁၇-၁၀-၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် (၆)ရပ်ကွက်ရှိ အမှတ်(၁၀)မူလွန်ကျောင်း၌ ကျောင်းဆရာ/ဆရာမ(၁၃)ဦးနှင့်ကျောင်းသား/ကျောင်းသူ (၃၉၂)ဦး စုစုပေါင်း (၄၀၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

          အသိပညာပေးဟောပြောရာတွင် မြို့နယ်တာဝန်ခံက ဓါတုဆိုးဆေးနှင့်ပတ်သတ်၍ သိကောင်းစရာများ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့် ဖော်ပြထားသော မုန့်များအား ဝယ်ယူစားသုံးရန်နှင့် မြန်မာ ဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသော မုန်များအား စားသုံးရန်မသင့်ကြောင်း၊ အသားလုံး၊ အသားပြားဝယ်ယူစားသုံးရာတွင် FDA ၏ ထောက်ခံချက်ပါရှိမှသာ ဝယ်ယူစားသုံးရန်၊ သက်တမ်းလွန် အစားအစာ များအားဝယ်ယူစားသောက်ခြင်းမပြုရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)