ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၉.၁၀.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ OKကုန်မာဆိုင် နှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင် (၂) ဦးအားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး က စီးပွားရေးလုပ်ငန်းရှင် ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း၊စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ ကုန်စည်အ မျိုးအစားအလိုက်သတ်မှက်ချက်နှင့် အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ကုန်စည် နှင့် စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ဥပဒေပါ တားမြစ်ချက်များ၊ပြစ်မှု၊ပြစ်ဒဏ်များကိုပါရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)