Main menu

ညောင်တုန်းမြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ် အောက်တိုဘာလ(၁၉) ရက်နေ့ တွင် ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ သွားရောက်၍ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီ ပြတ်လပ်မှုရှိ/မရှိ၊ ကြော်ငြာဆိုင်းဘုတ်တွင် ကြေညာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချရန်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း ဆီပြတ်လပ်မှုမရှိစေရေး၊ အလေးချိန်မှန်ကန်ပြည်ဝစွာ ရောင်းချနိုင်ရေး ဆီဆိုင်များအားလုံး ကြော်ငြာဆိုင်းဘုတ်တွင် ကြေညာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းကို တွေ့ရှိရကြောင်း သိရှိရပါသည်။ အလားတူပင် ဓနုဖြူမြို့နယ်တွင် လည်း ၂၀.၁၀.၂၀၂၃ ရက်နေ့တွင် ဓနုဖြူမြို့နယ် စက်သုံးဆီဆိုင်များမှ ‌ရောင်းချနေသော ဈေးနှုန်းနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ သတ်မှတ်သောရည်ညွှန်းဈေးရောင်းချခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)