ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်များသို့ ကွင်းဆင်း သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ဖော်ပြပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချကြရန် ၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု ဖြစ်စေမည့်ကုန်စည်များ ၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)