စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူပြည်သူများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖေါ်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၆.၁၀.၂၀၂၃)နေ့တွင် ပန်းတောင်းမြို့၊ နတ်မောက်ရွာရှိ ကျေးရွာလက်လီ စားသုံးဆီအရောင်းဆိုင်တို့သို့ လည်းကောင်း၊(၁၇.၁၀.၂၀၂၃)နေ့တွင် ပန်းတောင်းမြို့၊ ဒေါင်းမြတ်နားအုပ်စုရှိ ကျေးရွာလက်လီ သောက်ရေသန့်ရောင်းချသော ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ရပ်ကွက်လက်လီသောက်ရေသန့်ရောင်းချသော ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ (၁၉.၁၀.၂၀၂၃)နေ့တွင် ရွှေတောင်မြို့၊ တည်ကုန်းတောင်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်လက်လီသောက်ရေသန့်ရောင်းချသော ကုန်မျိုးစုံဆိုင်များသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် အထက်ဖေါ်ပြပါနေရာများတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖေါ်ပြချက် အချက်အလက်များပြည့်စုံမှန်ကန်စွာရှိသော ကုန်စည်များကို ရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပြည်ခရိုင်အတွင်း ဈေးကွက်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖေါ်ပြရမည့် အသေးစိတ်စိစစ်ချက်အရ စားသုံးဆီများတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏစသည့် အချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖေါ်ပြရမည်ဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းစသည့် အချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖေါ်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်ဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)