Main menu

ပန်းတနော်မြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည်  (၂၀.၁၀.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

           အဆိုပါစစ်ဆေးရာတွင် ပန်းတနော် ဆီအရောင်းဆိုင်ရှင်များကို ခရိုင်ဦးစီးမှူးဦးဇော်မင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်း၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်အတွယ်မှန်ကန်စွာနှင့်  ဈေးနှုန်းမှန်ကန်စွာ ရောင်းချကြရန်နှင့် အခြားသော ဆီအမျိုးမျိုးတွင်လည်း ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင် မရှိသော ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးလျက်ရှိရာ  ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား သတိ‌ပေးချက် (Alert) တစ်ခုဖြစ်စေရေးနှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကိုသာ ဝယ်ယူရရှိစေရေးရည်ရွယ်၍ စားသုံးဆီအမျိုးမျိုးကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)