Main menu

ပြည်ခရိုင်ရှိ ဒေသတွင်းလုပ်ငန်းရှင်များ၊ စာသင်ကျောင်းနှင့်ရပ်ကွက်ကျေးရွာများတွင် စားသုံးသူ အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ ပြည်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းနှင့် စီးပွားရေး ကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ပြည်မြို့နယ်၌ (၁၇.၁၀.၂၀၂၃)နေ့တွင် မူလွန်(မုဌော)ကျောင်း၊ (၁၈.၁၀.၂၀၂၃)နေ့တွင် ရွှေတောင်မြို့နယ်၊ ကွင်းယားကြီးအုပ်စု၊ ကွင်းယားကြီးရွာတွင်လည်းကောင်း၊ (၂၀.၁၀.၂၀၂၃)ရက် နေ့တွင် ထူးထူးစားသုံးဆီလုပ်ငန်းသို့လည်းကောင်း၊ (၁၆.၁၀.၂၀၂၃)ရက်နေ့တွင် ပန်းတောင်းမြို့နယ်ရှိ မဟာ နွယ်ဆန်စက်၊ (၁၇.၁၀.၂၀၂၃)ရက်နေ့တွင် မိဘဂုဏ်ရည်ဆေးဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၆.၁၀.၂၀၂၃)နေ့တွင် စံကုန်မျိုးစုံဆိုင်နှင့် ရွှေစင်ကုန်မျိုးစုံဆိုင်သို့လည်းကောင်း၊ (၁၉.၁၀.၂၀၂၃)နေ့တွင် စန်းသော်တာကုန်မျိုးစုံဆိုင်သို့လည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် (၁၆.၁၀.၂၀၂၃)နေ့တွင် မြို့မဆန်စက်နှင့် (၁၉.၁၀.၂၀၂၃)နေ့တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ ဆန်စက်နှင့်ဆန်ပွဲရုံလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍လည်းကောင်း၊  အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း များသည် စားသုံးသူအခွင့်အရေးနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး အလေးချိန် အချိန်အတွယ်ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ် စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်ဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများအကြောင်း၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။