စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၂) နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်းအမျိူးမျိုး ရောင်းချနေသည့် ဆေးဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသောဆေးဝါးများ တင်သွင်းရောင်းချခြင်းများရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို တင်သွင်းရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ သက်တမ်းလွန်နေသောဆေးဝါးများနှင့် တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာသည့် ဆေးဝါးများကို တင်သွင်းရောင်းချဖြန့်ဖြူးခြင်းမပြုကြရန်၊ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းများစစ်ဆေး တွေ့ရှိရပါက သက်ဆိုင်ရာဌာန၏ ဥပဒေအရ ပြစ်မှုပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း ဆေးဆိုင်(၅)ဆိုင်အား အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)