မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအတွက် စားအုန်းဆီများအားရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် လျက်ရှိပါသည်။
(၂၄.၁၀.၂၀၂၃)ရက်နေ့တွင် မင်းဘူးမြို့နယ်အတွင်းရှိ ဆီကုန်သည်များအနက် ဦးအေးငွေဆီစက်မှ တုံကင်စနစ်ဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀)နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်မှ အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီပိဿာ(၅၅၀)ပိဿာ၊ မကွေးတိုင်းဒေသကြီး ဆီကုန်သည် အသင်းမှ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၇၀၀)နှုန်းဖြင့် နေ့လယ်(၁၃:၀၀)နာရီမှ ညနေ(၁၆:၀၀) နာရီထိ ကသတ်ကျေးရွာမှ အိမ်ထောင်စု(၁၆၅)စုအတွက် စားအုန်းဆီပိဿာ(၁၆၅)ပိဿာ၊ လက်ခုပ္ပင်ကျေးရွာမှ အိမ်ထောင်စု(၂၉၈)စုအတွက် စားအုန်းဆီပိဿာ(၂၉၈)ပိဿာ၊ ဥယျာဉ်ကျေးရွာမှ အိမ်ထောင်စု(၁၉၃)စုအတွက် စားအုန်းဆီပိဿာ(၁၉၃)ပိဿာ၊ စုစုပေါင်းအိမ်ထောင်စု(၆၅၆)စုအတွက် စားအုန်းဆီပိဿာ(၆၅၆) ပိဿာရောင်းချပေးနေမှုများအား အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ ရောင်းချရာတွင် စနစ်တကျရှိစေရေးတို့ကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)