မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ရတနာမာန်အောင်ရပ် ၊ မိတ္ထီလာမြို့၌“ရိုးမ” လူသုံး ကုန်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါ ရန်၂၀၂၃ခုနှစ်၊ အောက်တိုဘာလရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုအရ “ရိုးမ” လူသုံးကုန်လုပ်ငန်းတွင် ဆံပင်သန်လက်ဖက်ပေါင်းတင်ဆီ၊ ပျော့ဆေးမလို တရော်ကင်မွန်းခေါင်းလျော်ရည်များအား ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ အစားအသောက်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်း အမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအမိန့်ကြေငြာစာ(၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတွဲလျှက်ရှိစေဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန်တင်ပြလာမှုအပေါ် ကူညီ ဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)