ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိမ်းမောင်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အခမ်းအနားတွင် မြို့နယ် တာဝန်ခံဦးသိမ်းမောင်မှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ တိုင်ကြားမှုများရှိလာပါက လက်ခံဖြေရှင်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးအတွက် တိုင်းခရိုင်ခွဲတမ်းများအရ မြို့နယ်အတွင်းရှိ ဆိုင်များကို ခွဲဝေရောင်းချဖြန့်ဖြူးလျက်ရှိပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ပုဒ်မ(၄၁)အရ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များနှင့် ဈေးကွက်အတွင်း ရောင်းချနေသော သတ်မှတ်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါကြောင်း စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တိုင်း/ခရိုင်မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာန ရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)