Main menu

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

   အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူ ရေးရာဦးစီးဌာနတွင် တာဝန်ယူဆောင်ရွက်ရမှု ကဏ္ဍကို မိတ်ဆက်တင်ပြခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း(၉) စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအနက် စားသုံးသူအခွင့်အရေး(၈)ချက်ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးများရှိသလို တာဝန်အနေဖြင့် (၄)ချက်ရှိပါကြောင်း ဆက်လက်ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၂) ပုဒ်မ (၂၄)မှာ ပါဝင်တဲ့ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင့်သည့်အခွင့်အရေးများနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်က ပုဒ်မ (၂၃)အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလ(သို့) အသုံးပြုနိုင်သည့် ကာလအတွင်း အသုံးပြုနိုင်ရန် ကုန်စည်ကို အရည်အသွေးထုတ်လုပ်ခြင်းမပြုလျှင်ဖြစ်စေ သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ၊ စားသုံးသူက တောင်းဆိုနိုင်ခွင့်ရှိသည့် အချက်အလက်များကိုထပ်ဆင့်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း  စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားမှုများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)