Main menu

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ဘားအံတွင်ကျင်းပ

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၇-၁၀-၂၀၂၃ရက်နေ့၊ နေ့လယ် ၁၄:၀၀နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့  ပူးပေါင်း၍  အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်းဦးစီးမှူး ဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို  Online Shopping စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် Online Shopping နှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များအကြောင်း၊ ကရင်ပြည်နယ်အတွင်း တိုင်ကြားမှုနှင့်ပတ်သက်၍ ငွေရေးကြေးရေး ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ Wifi အင်တာနက်ပြတ်တောက်သည့် ဝန်ဆောင်မှု ရှိခဲ့များနှင့် Online Shopping ပတ်သက်၍ တိုင်ကြားလာမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး Online Shopping နှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူပြည်သူများအနေဖြင့် Online မှ  ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ အကြောင်းကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကာ Onlineဝန်ဆောင်မှုများနှင့် ပတ်သက်၍  စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

DOCA(ကရင်)