Main menu

နွေစပါး/ ဆောင်းသီးနှံ စိုက်ပျိုးရေးစီမံကိန်း တာဝန်ပေးအပ်ခြင်းနှင့် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနား

Powered by Drupal

    ၂၆.၁၀.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်သည့် သထုံမြို့ နွေစပါး/ဆောင်းသီနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သထုံမြို့နယ်အတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ နေကြာတိုးမြှင့်စိုက်ပျိုးမှုအခြေအနေများနှင့် နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးနည်းပညာရပ်များနှင့် ကူညီထောက်ပံ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

  ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်း ဆီးထွက်သီးနှံ နေကြာစိုက်ပျိုးကြမည့်တောင်သူများထံ ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များကို ဖြန့်ဖြူးပေးရာ ကျေးရွာအလိုက် ကိုယ်စားလှယ်တို့က လက်ခံရရှိယူခဲ့ကြသည်။

   သထုံမြို့နယ်အတွင်း ယခုနှစ်ရာသီတွင် ဆီထွက်သီးနှံနေကြာဧကပေါင်း ၁၀၀၀ စိုက်ပျိုးရန် လျာထားပြီး အဆိုပါအခမ်းအနား၌ တစ်ဧကလျှင် မျိုးစေ့တစ်အိတ်နှုန်းဖြင့် ဧကပေါင်း ၅၀၀ အတွက် ဖြန့်ဖြူးပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ဧက ၅၀၀ ကိုလည်း ထပ်မံဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)