စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက် ရှိသော ရည်ညွှန်းဈေးအပေါ် အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ဆိပ်ဖြူမြို့နယ်အတွင်းရောင်းချရာ (၁၈.၁၀.၂၀၂၃)ရက်နေ့တွင် မြင်ကဝကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၅၀)စုအတွက် စားအုန်းဆီပိဿာ(၄၅၀)ပိဿာ၊ (၁၉.၁၀.၂၀၂၃)ရက်နေ့တွင် ကမ္ဘာကြီးကျေးရွာရှိ အိမ်ထောင်စု(၄၅၀)စုအတွက် စားအုန်းဆီပိဿာ(၄၅၀)ပိဿာ၊ (၂၀.၁၀.၂၀၂၃) ရက်နေ့တွင် ချင်တောင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီပိဿာ (၄၀၀)ပိဿာ၊ (၂၃.၁၀.၂၀၂၃)ရက် နေ့တွင် ကိုးတောင့်ကျေးရွာရှိ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီပိဿာ (၄၀၀)ပိဿာ၊ (၂၄.၁၀.၂၀၂၃)ရက်နေ့တွင် အနောက်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု(၇၀၀)စုအတွက် စားအုန်းဆီပိဿာ (၇၀၀)ပိဿာ၊ စုစုပေါင်း စားအုန်းဆီပိဿာ (၂၄၀၀)ပိဿာအား နေ့စဉ်နေလယ် (၁၃:၀၀)နာရီအချိန်တွင် ဆီတစ်ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် စားသုံးသူပြည်သူများကို အလှည့် ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
DOCA(မကွေး)