Main menu

Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်ရုံများ စတင်မှတ်ပုံတင်လျက်ရှိ

Powered by Drupal

နေပြည်တော်၊ (၃-၁၁-၂၀၂၃)

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့် ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရန်အတွက် Online Service အစီအစဉ်တစ်ရပ်ဖြစ်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

             အဆိုပါ My RO Website တွင် သိုလှောင်ရုံနှင့် ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ဆောင်ရွက်နိုင်ရေးကိုပါ ထည့်သွင်းစီစဉ်ထားရှိပြီး ဆန်စပါးနှင့်ပတ်သက်သော မှတ်ပုံတင်လုပ်ငန်းများ၊ စာရင်းအင်းများနှင့် သတင်းအချက်အလက်များကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

             ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ Myanmar Rice Online – My RO Website တွင် ဆန်စပါးပြည်ပတင်ပို့သူများ၊ ဆန်စက်ကြီးများနှင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သိုလှောင်ရုံများမှပါဝင်၍ မှတ်ပုံတင်‌နေကြပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန