Main menu

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ SPS Protocol ပါသတ်မှတ်ချက်များနှင့်အညီ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

       တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ကြိတ်ခွဲမည့် ဆန်စက်နှင့်သိုလှောင်ရုံများအားဖိတ်ကြား၍ အသိပညာပေးဆွေးနွေးပွဲအား ၂၃.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကာ စိုက်ပျိုးရေးဦးစီးဌာန၊ ဆန်စပါးကုန်စည်ဒိုင်၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့်တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများ တွေ့ဆုံကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ The General Administration of Customs of the People’s Republic of China (GACC)တွင် မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်ပသို့ဆန်တင်ပို့သည့် ကုမ္ပဏီများ၏ ဆန်စက်လုပ်ငန်းရှင်များအား SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်ပါဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

         မန္တလေးတိုင်းဒေသကြီးအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့သည့် ဆန်စက်များမှာ အမရပူမြို့နယ်ရှိ သူဌေးမင်းဆန်စက်နှင့် မဟာစံပြနွယ်ဆန်စက်၊ ပုသိမ်ကြီးမြို့နယ်ရှိ စားကြည့်ဆန်စက်၊ စဉ့်ကူးမြို့နယ်ရှိအောင်တံခွန်ဆန်စက် နှင့်ကျောက်ဆည် မြို့နယ်ရှိ နေလသုခဆန်စက်တို့ဖြစ်ပါသည်။ ဆွေးနွေးပွဲတက်ရောက်ကြသူများအနေဖြင့် စိုက်ပျိုးသူတောင်သူများအတွက် GAP  (Good Agricultural Practice) လုပ်ငန်းစဉ် ဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍လည်းကောင်း၊ ဆန်စက်များနှင့်သိုလှောင်ရုံများတွင် ပိုးသတ်ဆေးသုံးစွဲမှု အခြေအနေများ၊ ပိုးမွှားကင်းစင်ကြောင်း လက်မှတ် Phytosanitary Certificate(P.C) ရရှိရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် SPS Measurement လုပ်ငန်းစဉ်ဆောင်ရွက်၍ Food Safety ဖြစ်ပါက ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု အတွက် သာမက ပြည်တွင်းစားသုံးသူများအတွက် လိုအပ်ပါသဖြင့် မဖြစ်မနေပူးပေါင်းဆောင်ရွက်သွားရန်၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

 အဆိုပါဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့ လုပ်ငန်းရှင် စုစုပေါင်း(၂၁)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၅၀)နာရီအချိန်တွင် ရုပ်သိမ်းးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)