Main menu

ကန့်ဘလူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာရောင်းချ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် နံနက် ၀၈:၃၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးရွှေအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်၍ ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

     ထိုသို့စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင် (၁)ပိဿာကို ၅၂၀၀ ကျပ်ဖြင့်ရောင်းချပေးပြီး လူဦးရေ ၁၃၀၀ ဦးအတွက် စားအုန်းဆီ ၁၃၀၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)