Main menu

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြော

Powered by Drupal

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း ဒု-ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၇.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝက်ကုန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ မိမိတို့ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ကျောင်းသားကျောင်းသူများအား အစားအသောက်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုသာ ဝယ်ယူသင့်ကြောင်း၊ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို သေချာဖတ်ရှု့သင့်ကြောင်း၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ FDA မှစားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များကို နံရံကတ်ဗီနိုင်းများဖြင့် ပြသရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၆၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)