Main menu

စားသောက်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများနှင့်အဖွဲ့သည် ၁.၁၁.၂၀၂၃ ရက်နေ့တွင် မန္တလေးမြို့အတွင်း စားသောက်ကုန်ထုတ်လုပ်လုပ်သည့်လုပ်ငန်းများဖြစ်သည့် အာလူးကြော်၊ ငါးမုန့်ကြော်၊ လက်ဖက်နှင့်ပဲကြော်လုပ်ငန်း၊ ဘီစကစ်စက်ရုံ၊ ဟင်းချက်အနှစ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဝေဖာ၊ မရွေး၊ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများဆောင်ရွက်သည့် စက်ရုံ(၄၉)ရုံသို့ သွားရောက်၍ နိုင်ငံတော်မှ စက်မှုလုပ်ငန်းသုံးလုပ်ငန်းများအတွက် စားသုံးဆီများကို တစ်ပိဿာလျှင် ၆၀၇၅ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့မှုအပေါ် အမှန်တကယ် သုံးစွဲမှုရှိ/ မရှိနှင့် စားသုံးဆီဖူလုံမှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။

  ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များကြုံတွေ့နေရသည့်အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များ၊ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ တစ်နေ့ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ထုတ်ကုန်များအား စားသုံးသူကာကွယ်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ပုဒ်မ ၄၁၊(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   

(DOCA)မန္တလေး