Main menu

အခြေခံစားကုန်များ သက်သာသောဈေးနှုန်းဖြင့်ရောင်းချသည့် ရက်(၁၀၀) ပြည့်မြောက်သည့်နေ့ တွင် အထူးဈေးရောင်းပွဲတော်ပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

   အခြေခံစားကုန်များသက်သာသောဈေးနှုန်းဖြင့်ရောင်းချသည့် ရက် (၁၀၀) ပြည့်ဈေးရောင်းပွဲ ကျင်းပရန် ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီးကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊MRCCI၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်အသင်းစသည့်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စီးပွားရေးရာဝန်ကြီးက ရက်(၁၀၀) ပြည့်ဈေးရောင်းပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အခြေခံစားကုန်များကို (၂၇.၆.၂၀၂၃) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ရောင်းချခဲ့ရာ (၁၄.၁၁.၂၀၂၃) ရက်နေ့တွင် ရက် (၁၀၀) ပြည့်မြောက်ပြီဖြစ်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုအခြေအနေများကို အများပြည်သူများ သိရှိနားလည်စေရန်ရည်ရွယ်၍ ကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်၍ တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၁)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ အထူးဈေးရောင်းပွဲကို မန္တလေး(၄)မြို့နယ်အတွင်း အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်များရှိ နေရာ(၄)နေရာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆန်၊ဆီ၊ အသား/ငါး၊ ကြက်ဥတို့ကို ယခင်ထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA)မန္တလေး