Main menu

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြခန်းခင်းကျင်းပြသ

Powered by Drupal

   နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့၊ သီရိကွင်းတွင်(၅-၁၁-၂၀၂၃) ရက်နေ့မှ (၁၀-၁၁-၂၀၂၃)ရက်နေ့ထိ (၆)ရက်တိုင်တိုင် နေ့စဉ်နံနက် (၀၉:၀၀)နာရီမှ ည (၁၀:၀၀)နာရီ အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်ရွက်ခဲ့ကြောင်း သိရသည်။

     အခမ်းအနားတွင် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ပြခန်း (၂၇)ခန်းဖွင့်လှစ် ပြသ ခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြန်မာကုန်သွယ်မှုမြှင့် တင်ရေး အဖွဲ့ (ဇွဲကပင် ကုန်သွယ်မှုဗဟိုဌာန)တို့မှ ပူးပေါင်းပါဝင်၍ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် ၊ လုပ်ငန်းတာဝန်များ၊ ကုန်သွယ်မှုဆိုင်ရာကိန်းဂဏန်းဆိုင်ရာအချက်အလက်များ၊ ကုန်သွယ်မှုဆိုင်ရာ  ပြည်ပပို့ကုန်အလားအလာရှိသော ဒေသထုတ်ကုန်များ၊ ဒေသထုတ်ကုန်များအပေါ် အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊  စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော စားသောက်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး အများပြည်သူသို့ ဌာန၏ လက်ကမ်းစာစောင်များအား ဖြန့်ဝေ၍ ပြည်သူအသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

   အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်သည့် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်းနှင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ စက်မှုလက်မှု (MSMEs)ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(DOCA)ကရင်