Main menu

အရည်အသွေးစိတ်ချရသည့် ကုန်အမှတ်တံဆိပ်(Logo)ပါသည့် ရွှေဘိုပေါ်ဆန်းဆန်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD (France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar ( မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRETMyanmar အဖွဲ့အစည်းမှ  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 

     ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် ရွှေဘိုပေါ်ဆန်း(G.I)အမှတ်တံဆိပ်ရအောင် ကြိုးပမ်းဆောင်ရွက်နေသည့်အပြင် ဈေးကွက်အတွင်း၌ ရွှေဘို ပေါ်ဆန်းဆန်ကို အခြားဆန်များနှင့် ရောနှောရောင်းချခြင်းနှင့် အတုအပများ ရောင်းချခြင်းမှ ကာကွယ်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ရွှေဘိုပေါ်ဆန်း ဆန်အိတ်များတွင် ရွှေဘိုပေါ်ဆန်း ကုန်အမှတ်တံဆိပ် (Logo)ကိုရိုက်နှိပ်ပြီး စတင်ထုတ်ဝေတော့မည်ဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းကုန်အမှတ်တံဆိပ်(Logo) ပါသည့်ဆန်များကို ရွေးချယ်ဝယ်ယူခြင်းအားဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ဧရိယာ မြို့နယ်များတွင်ရှိသော တောင်သူများက စိုက်ပျိုးထုတ်လုပ်ထားသည့် ရွှေဘိုပေါ်ဆန်း ဆန်စစ်စစ်ကိုရရှိစေနိုင်ခြင်း၊ ရွှေဘိုပေါ်ဆန်း Inspector အဖွဲ့များနှင့် အရည်အသွေးကို စနစ်တကျ စမ်းသပ်စစ်ဆေးထား၍ အရည်အသွေးအာမခံချက်ရှိခြင်း၊ အတုအပများ အရောအနှောကင်းခြင်း၊ စစ်မှန်သည့်အရည်အသွေးအပေါ် အာမခံခြင်းများအပြင် နောက်ကြောင်းပြန်စစ်ဆေးမှုများ ဆောင်ရွက်နိုင် သဖြင့်  ရွှေဘိုပေါ်ဆန်းဆန်စစ်စစ်ကိုသာ ဝယ်ယူရောင်းချလိုသောလုပ်ငန်းရှင်များနှင့် စားသုံးလိုသောပြည်သူများအနေဖြင့် ရွှေဘိုပေါ်ဆန်းကုန်အမှတ်တံဆိပ်(Logo)ပါသော ဆန်အိတ်များကို ဝယ်ယူအသုံးပြု နိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)