Main menu

ကန့်ဘလူမြို့တွင် သောက်ရေသန့် ရောင်းချသည့်ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းရောင်းချနေသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်း (၁)ဦးတို့သည် နိုဝင်ဘာလ ၈ ရက်၊ နံနက် ၁၀:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဦးစားပေးစစ်ဆေးရန်ဖြစ်သည့် သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော “asia” အမှတ်တံဆိပ် သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စိစစ်တွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် ညွှန်ကြားချက်(၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချရန်ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်(၂/၂၀၁၉)ပါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)