Main menu

ကန့်ဘလူမြို့၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်  ဆီကုန်သည်များနှင့်ပူးပေါင်း ကာ (၉.၁၁.၂၀၂၃) ရက်နေ့၊ နံနက် ၀၇:၀၀ နာရီတွင် ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်း ဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်း သိရှိရပါသည်။

    အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင်(၅၀)ကျပ်သားကို ၂၆၀၀ ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ(၁၅၈၀)ဦးအတွက် စားအုန်းဆီ ၇၉၀ ပိဿာရောင်းချ ပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)