Main menu

ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် (၈.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေပေါပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးသူ/ဈေးသား စုစုပေါင်း(၈)ဦးခန့် တက်ရောက်ခဲ့ပြီး  ဟောပြောပွဲကို နေ့လယ် (၁၅:၀၀)  နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)