စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် (၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနား၊ အမှတ်(၁)မြို့မဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်၊ (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး ဥပဒေဖြစ်ပေါ်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဈေးသူ/ဈေးသား စုစုပေါင်း(၉)ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)