Main menu

တာချီလိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ သစ်လွင်မိုးသောက်ရေသန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဆင်ဖြူမင်းသောက်ရေသန့်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် သစ်လွင်မိုးသောက်ရေသန့်နှင့် ဆင်ဖြူမင်းသောက်ရေသန့်တို့သည် မြန်မာစာကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားပြီး သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းစဉ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချ သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် သောက်ရေသန့်လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့်ထောက်ခံချက်များကို ပုံမှန်သက်တမ်းတိုးရန်၊ လုပ်သားများ၏တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် စက်ရုံသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးလမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)