Main menu

ကန့်ဘလူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်(၉:၃၀) အချိန်တွင် ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်း သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူရေးရာဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှလည်းကောင်း၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များထံမှ လည်းကောင်း၊ စာအုပ်စာစောင်များမှလည်းကောင်း၊ ရုပ်သံမီဒီယာများမှလည်းကောင်း သိရှိလေ့လာနိုင်ခွင့်ရှိကြောင်း၊ စားသုံးသူများသည် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအား ဝယ်ယူသုံးစွဲပြီးနောက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များသို့ လူကိုယ်တိုင်သွားရောက်၍လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း၊ CICC Nay Pyi Taw Facebook Page သို့လည်းကောင်း၊ www.doca.gov.mm website မှလည်းကောင်း တိုင်ကြားနိုင်သည့် အခွင့်အလမ်းများရှိကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား စားသုံးသူ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)