Main menu

ဒေးဒရဲမြို့နယ်၊ တညင်းကုန်းကျေးရွာ အ.မ.က ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

  ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် တညင်ကုန်းကျေးရွာ အ..က ကျောင်းရှိ ဆရာ/ဆရာမ(၆)ဦး၊ကျောင်းသား/သူ(၉၅)ဦး၊စုစုပေါင်း(၁၀၁)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများအကြောင်း၊တာရှည်ခံဆိုးဆေးများ အသုံးပြုထားသော ကုန်စည်များကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားများ တွင် မြန်မာစာပါဝင်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သောမုန့်များကို ဝယ်ယူသုံးစွဲကြရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တားမြစ်ထားသောကုန်စည်များဖြစ်သည့် အသားလုံး/အသားချောင်းများကို ဝယ်ယူစားသုံးခြင်း မပြုကြရန်၊ အစားအသောက်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်ရှိသည့် အစားအစာများ ဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိလာပါက စားသုံးသူ ရေးရာဦးစီးဌာန၏ callcenter 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြော ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)