Main menu

ဘိုကလေးမြို့နယ်၊ မင်းဂံကျေးရွာ၊ “ရွှေငါး” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့

Powered by Drupal

   ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်စက်မှုကြီးကြပ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၈) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်းဂံကျေးရွာ၊ “ရွှေငါး” ဆန်စက်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး အရည်အသွေးထုတ်လုပ်မှု ပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းနှင့်ပက်သက်၍ အဆင့်မြင့်ဆန်စက်ဖြစ်သောကြောင့် အရည်အသွေးပြည့်ဝကောင်းမွန်သော ထုတ်ကုန်များ ရရှိနိုင်ခြင်း၊ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံခြင်းနှင့် ပြည်ပဈေးကွက်သို့လည်း ထုတ်ကုန်များ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ကြောင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)