Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သောက်ရေသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရန် ခေါ်ယူတွေ့ဆုံ

Powered by Drupal

   ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့နယ်အတွင်းရှိ နေလမင်း အမှတ်တံဆိပ်ပါ သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရေးသားရန်နှင့် ဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်းဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးသို့ လုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံခဲ့ပါသည်၊၊

 ထိုသို့တွေ့ဆုံခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်မြင့်မြင့်စန်းက စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ တံဆိပ်အမှတ်အသား ကုန်စည်၏ အမျိုးအမည်အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့်ပစ္စည်းပမာဏ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များ၊ အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာနှင့်ဖြစ်စေ အခြားဘာသာတစ်ခုနှင့်ဖြစ်စေ တွဲလျက် ရေးသားဖော်ပြရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းရှင်အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)