Main menu

ပုသိမ်မြို့နယ်အုတ်စီကုန်းကျေးရွာတွင် အခြေခံစားသောက်ကုန်များဈေးကားဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ အုတ်စီကုန်းကျေးရွာ၊ တာလမ်းကျေးရွာနှင့် ညောင်တုန်းကျေးရွာများရှိ ကျေးလက်နေပြည်သူ အိမ်ထောင်စု ၅၅၀ အတွက် အခြေခံစားသောက်ကုန်များအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ပါသည်၊၊

   ထိုသို့ဈေးကားဖြင့် ရောင်းချပေးခဲ့ရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဈေးဖြင့် စားအုန်းဆီပိဿာ ၅၅၀ ၊ ဆန်တစ်ပြည်လျှင် ကျပ် ၂၅၀၀ ဈေးဖြင့် ဆန် ၁၀ အိတ် ဆားလုပ်ငန်းဦးစီးဌာနမှ ဆားတစ်ပိသာလျှင် ၃၀၀ ကျပ်ဈေးနှင့် ကျေးရွာနေ ပြည်သူများအား ရောင်းချပေးခဲ့ရာတွင် ခရိုင်ဦးစီးမှူးရုံး ဝန်ထမ်များနှင့် မြို့နယ်တာဝန်ခံတို့မှ ပူးပေါင်းပါဝင်ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)