Main menu

အ‌သေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အညွှန်းအမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

Powered by Drupal

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် ပုသိမ်မြို့ဆရာဝန်အသင်းခန်းမ၌ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ မြန်မာကုန်သွယ်မူမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးချုပ်နှင့်အဖွဲ့ဝင်များ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်နှင့် ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ ဧရာဝတီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခဌာနမှူး ဒေါက်တနီလာသိန်း၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ  တက်ရောက်ခဲ့ပါသည်၊၊

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဦးမျိုးသူက MSME ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် လိုအပ်ချက်များ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းသိကောင်းစရာများ ၊ ဧရာဝတီတိုင်းကုန်သည်များနှင့်စက်မှုအသင်း အတွင်းရေးမှူး ဦးမောင်မောင်ဦးက MSME လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် Digital Platform ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် Myantrade မှ လက်ရှိဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)