Main menu

ကြက်ပေါင်ကျေးရွာအုပ်စုတွင်း ဈေးကားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

   ပုသိမ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်မြို့နယ် ကြက်ပေါင်ကျေးရွာသို့သွားရောက်၍ ၎င်းကျေးရွာအုပ်စု ဝန်းကျင်ရှိ အိမ်ထောင်စု ၅၅၀ စုအတွက် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဖြင့် စားအုန်းဆီပိဿာ (၅၅၀)၊ ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဧည့်မထဆန် (၁၀)အိတ်၊ ဆားတစ်ပိဿာလျှင် ကျပ် ၃၀၀ ဖြင့် ဆားပိဿာ (၁၀၀)တို့ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်၊၊

  ပုသိမ်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံတို့သည် ကျေးလက်နေပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် အခြေခံလူတန်းစားများအတွက် ရည်ရွယ်၍ ရောင်းချပေးလျက်ရှိရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးအဖွဲ့ဝင်များနှင့်အတူ စနစ်တကျ ဝယ်ယူသုံးစွဲနိုင်ရေး ပူးပေါင်းပါဝင် ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)