Main menu

ပုသိမ်မြို့နယ် လင်းဝင်းကြီးကျေးရွာအုပ်စုတွင် ရည်ညွှန်းဈေးဖြင့်စားအုန်းဆီများ ရောင်းချပေးလျက်ရှိ

Powered by Drupal

 ပုသိမ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့တွင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းများရှင်များအသင်း မြို့နယ်ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်း ဆားလုပ်ငန်းဌာနနှင့်အတူ ပုသိမ်မြို့နယ် လင်းဝင်းကြီးကျေးရွာအုပ်စုသို့ သွားရောက်၍ လင်းဝင်းကြီး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု (၅၅၀) စုအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ဆားတို့ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်၊၊

    အဆိုပါ လင်းဝင်းကြီးကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအဖွဲ့ဝင်များနှင့်အတူ စားအုန်းဆီတစ်ပိဿာ ၅၅၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာ (၅၅၀)၊ ဆန်တစ်ပြည်လျှင် ၂၅၀၀ ဈေးဖြင့် ဧည့်မထဆန် (၁၀)အိတ်၊ ဆားတစ်ပိဿာလျှင် ၃၀၀ ကျပ်ဈေးနှုန်းဖြင့် ပိဿာ(၁၀၀) တို့အား ဈေးနှုန်းသက်သာစွာရောင်းချခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံတို့ ပူးပေါင်းပါဝင်ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)