Main menu

စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက အ.မ.က ရွှေကင်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပါဝင်ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာ ဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်းထမ်းများသည် ၁၁-၁၁-၂၀၂၃ ရက်နေ့ နံနက် ၆:၀၀ နာရီအချိန်တွင်  ကရင်ပြည်နယ်၊ဘားအံမြို့ အ.မ.က ရွှေကင်းကျောင်းဝန်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊  ကျောင်းသူ/သားများနှင့်အတူ စုပေါင်းသန့်ရှင်း ရေးပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ပြုလုပ်ရာတွင် သစ်ပင်ခြုံနွယ်များ ခုတ်လှဲခြင်း၊ မြက်ပင်များကို မြက်ရိတ်စက်ဖြင့်မြက် ရိတ်ခြင်း၊ အမှိုက်သရိုက်များ လှဲကျင်းစွန့်ပစ်ခြင်းတို့ဖြင့် ကျောင်းဝန်းအတွင်း/အပြင်တို့တွင် သန့်ရှင်းရေးရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သန့်ရှင်းရေးပြု လုပ်ဆောင်ရွက်ကြသူများကို ကြည်ရှု့အားပေးစကားပြောကြားခဲ့ကြောင်းနှင့် စားသုံသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ကရင်ပြည်နယ်တွင်း ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ ၊အသင်းအဖွဲ့များနှင့်အတူ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက်  အပတ်စဉ်စနေနေ့တိုင်း သွားရောက်စုပေါင်းသန့်ရှင်းရေး ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)