Main menu

ကော့သောင်းမြို့ရှိ သောက်ရေသန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများကို ကွင်းဆင်းစစ် ဆေးခဲ့​ကြောင်း သိရှိရပါသည်။

  ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းတို့ထုတ်လုပ်သော သောက်ရေသန့်အမျိုးမျိုး၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ ပြည်စုံစွာပါရှိခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ သောက်ရေသန့်လုပ်ငန်းရှင်များအား မိမိတို့၏ ကုန်အမှတ်တံဆိပ်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ စားသုံးသူရေးရာဦးစီးဌာနသို့ အတည်ပြုလျှောက်ထားနိုင်ပါကြောင်း၊ ကုန်စည်များထုတ်လုပ်ရာ၌ လိုအပ်သောအချက်များပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)